Home/ Products/ Agro Chemicals/ Coral 2,4-D

ကော်ရယ်တူးဖိုးဒီ — Coral 2,4-D

2,4-D Dimethyl Amine Salt 720 g/L SL — Herbicide · Group 4 · စနစ်ကျ၊ ရွေးချယ်ဖျက်ဆီးနိုင်သော ပေါင်းသတ်ဆေး

Product Label · ဆေးအညွှန်း

Coral 2,4-D — Product Label

ကော်ရယ်တူးဖိုးဒီ — ဆေးအညွှန်း

Coral 2,4-D (2,4-D Dimethyl Amine Salt 720 g/L SL) 500 cc bottle
Coral 2,4-D · 2,4-D Dimethyl Amine Salt 720 g/L SL · 500 cc

“POISON”

Read label carefully before using the products.

Active Ingredients

  • 2,4-D Dimethylamine Salt720 g/L
  • Other ingredients280 g/L
  • Total1000 g/L

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Coral 2,4-D (2,4-D Dimethylamine Salt 720 g/L SL) is a systemic, selective, post-emergence herbicide formulated as a Soluble Liquid (SL), belonging to the Phenoxy Carboxylate chemical group. It controls annual grasses and broadleaf weeds in paddy, wheat, maize, sugarcane and rubber plantations without significantly harming the main crop when used at the recommended rate and timing.

Mode of Action

  • Coral 2,4-D is a Group 4 (Phenoxy Carboxylate) systemic herbicide — a synthetic auxin.
  • It is absorbed by leaves and translocated throughout the plant, mimicking natural plant growth hormones.
  • It causes uncontrolled, abnormal cell growth in susceptible broadleaf weeds, leading to twisting, wilting and death.
  • At the labeled rate, cereal/grass crops such as paddy, wheat and maize are not significantly affected.

Directions for Use

  • Apply as a uniform foliar spray at the crop growth stage recommended for each crop (see table below).
  • Calculated on the basis of 5 knapsack sprayer loads of 16 L water per acre.
  • Apply once per crop season.
  • Wait at least 48 hours after spraying before re-entering the field.
  • If rain falls within 6 hours of spraying, re-application may be required.

Recommended Rate

CropRate / acreRate / 16 L waterWaiting period before harvest (days)
Paddy200–420 cc56–84 ml60
Wheat200–420 cc56–84 ml90
Maize200–420 cc56–84 ml60
Sugarcane200–420 cc56–84 ml30
Rubber200–420 cc56–84 ml
Apply once per crop season · Do not exceed the recommended rate

Application Timing by Crop

  • Paddy (direct-seeded): 21–28 days after sowing
  • Paddy (transplanted): 25–30 days after transplanting
  • Wheat: when plants are above 10 inches tall
  • Maize: at the 2–8 leaf stage
  • Sugarcane: 6 weeks after planting
  • Rubber: when weeds are 4–8 inches tall

Target Crops

Paddy, Wheat, Maize, Sugarcane, Rubber plantations.

Target Weeds

Annual grasses and broadleaf weeds, including common broadleaf and sedge species found in paddy, wheat, maize, sugarcane and rubber fields.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling.
  • Wash contaminated clothing thoroughly after use.
  • Do not spray against the wind.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water, holding eyelids open, for several minutes.
  • If inhaled, move the person to fresh air.
  • If swallowed, rinse mouth with water. Do not induce vomiting unless advised by a doctor.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place.
  • Do not reuse empty containers for any purpose.
  • Bury empty containers deep in the ground, away from water sources; do not wash spray equipment or empty containers in rivers, streams or ponds.
  • Do not burn or dump. Keep away from food, animal feed, seed and fertilizer.

GHS Class – (4)

Registration No. P2026-7073 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတို့ ထေရာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • 2,4-D ဒိုင်မီသိုင်းလ်အမင်းဆော (တူးဖိုးဒီ)၇၂၀ ဂရမ်/လီတာ
  • အရောပစ္စည်းများ၂၈၀ ဂရမ်/လီတာ
  • စုစုပေါင်း၁၀၀၀ ဂရမ်/လီတာ

အသားတင်ပါဝင်မှု ၅၀၀ cc · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral 2,4-D (2,4-D Dimethylamine Salt 720 g/L SL) သည် Phenoxy Carboxylates ဆေးအုပ်စုဝင် စနစ်ကျစွာအလုပ်လုပ်သော ရွေးချယ်ဖျက်ဆီးနိုင်သည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။ စပါး၊ ဂျုံ၊ ပြောင်း၊ ကြံနှင့် ရာဘာစိုက်ခင်းများတွင် တစ်နှစ်ခံမြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းများကို အကြံပြုထားသော နှုန်းထားနှင့် အချိန်ကာလအတိုင်း အသုံးပြုပါက သီးနှံကို သိသာစွာမထိခိုက်ဘဲ ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral 2,4-D သည် Group 4 (Phenoxy Carboxylates) စနစ်ကျ ပေါင်းသတ်ဆေးဖြစ်ပြီး သဘာဝအပင်ကြီးထွားမှုဟော်မုန်းကို တုပထိန်းချုပ်သည့် ဆေးဖြစ်ပါသည်။
  • ရွက်များမှတစ်ဆင့်စုပ်ယူပြီး အပင်တစ်ပင်လုံးသို့ ပျံ့နှံ့သွားပါသည်။
  • ရွက်ပြန့်ပေါင်းများအား ထိန်းချုပ်မရသော ကြီးထွားမှုဖြစ်စေပြီး ကွေးညွှတ်ခြင်း၊ ညှိုးနွမ်းခြင်းမှတစ်ဆင့် သေဆုံးစေပါသည်။
  • အကြံပြုနှုန်းထားအတိုင်း အသုံးပြုပါက စပါး၊ ဂျုံ၊ ပြောင်း စသော ကောက်ပဲသီးနှံများကို သိသာစွာ မထိခိုက်ပါ။

အသုံးပြုရန် အညွှန်း

  • သီးနှံအလိုက် အကြံပြုထားသော အသီးနှံအရွယ်တွင် ရွက်ပေါ်သို့ညီညာစွာ ဖျန်းပါ (အောက်ဇယားကိုကြည့်ပါ)။
  • တစ်ဧကလျှင် ရေ (၁၆) လီတာဝင် ဆေးဖျန်းပုံး (၅) ပုံနှုန်းဖြင့် တွက်ချက်ထားပါသည်။
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁) ကြိမ် သာ ဖျန်းပါ။
  • ဆေးဖျန်းပြီး (၄၈) နာရီကြာမှ စိုက်ခင်းထဲသို့ ပြန်ဝင်ရမည်။
  • ဆေးဖျန်းပြီး (၆) နာရီအတွင်း မိုးရွာလျှင် ပြန်လည်ဖျန်းရန် လိုအပ်နိုင်ပါသည်။

အသုံးပြုနှုန်းထား

သီးနှံဆေးနှုန်း (စီစီ/ဧက)ဆေးနှုန်း (စီစီ/ရေ ၁၆ လီတာ)သီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါး၂၀၀–၄၂၀၅၆–၈၄၆၀
ဂျုံ၂၀၀–၄၂၀၅၆–၈၄၉၀
ပြောင်း၂၀၀–၄၂၀၅၆–၈၄၆၀
ကြံ၂၀၀–၄၂၀၅၆–၈၄၃၀
ရာဘာ၂၀၀–၄၂၀၅၆–၈၄-
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁) ကြိမ်
အကြံပြုထားသော နှုန်းထားထက် မပိုစေပါနှင့်။

ဆေးဖျန်းချိန် (သီးနှံအလိုက်)

  • စပါး (တိုက်ရိုက်စိုက်ချ): အစေ့ချပြီး (၂၁–၂၈) ရက်
  • စပါး (ရွှေပြောင်းစိုက်): စိုက်ပြီး (၂၅–၃၀) ရက်
  • ဂျုံ: ဂျုံပင်အမြင့် (၁၀) လက်မအထက်ရောက်ချိန်
  • ပြောင်း: ပြောင်းရွက် (၂–၈) ရွက်ထွက်ချိန်
  • ကြံ: စိုက်ပြီး (၆) ပတ်အကြာ
  • ရာဘာ: ပေါင်းပင်များ (၄–၈) လက်မ အရွယ်ရှိချိန်

အသုံးပြုနိုင်သော သီးနှံများ

စပါး၊ ဂျုံ၊ ပြောင်း၊ ကြံ၊ ရာဘာစိုက်ခင်းများ။

ကာကွယ်နှိမ်နင်းနိုင်သော ပေါင်းများ

တစ်နှစ်ခံ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းအမျိုးမျိုး။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးဖျန်းပြီးနောက် အဝတ်အစားများကို သေချာစွာ လျှော်ဖွပ်ပါ။
  • ဆေးဖျန်းစဉ် လေဆန့်၍ မဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများနှင့် မျက်ခမ်းဖွင့်၍ မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပါ။
  • ဆေးကိုမျိုချမိပါက ရေဖြင့်ခံပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အန်အောင် မပြုလုပ်ပါနှင့်။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို အခြားအသုံးအဆောင်အဖြစ် ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း၊ လွင့်စင်စွန့်ပစ်ခြင်း မပြုလုပ်ပါနှင့်။ အစားအစာ၊ တိရစ္ဆာန်အစာ၊ မျိုးစေ့နှင့် မြေသြဇာများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7073 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911