Home/ Products/ Agro Chemicals/ Coral Pendilin

ကော်ရယ်ပန်ဒီလင်း — Coral Pendilin

Pendimethalin 33% EC — Herbicide · Group 3 · မျိုးစေ့မပေါက်မီ ဖျန်းရသော ရွေးချယ်ဖျက်ဆီးနိုင်သော ပေါင်းသတ်ဆေး

Product Label · ဆေးအညွှန်း

Coral Pendilin — Product Label

ကော်ရယ်ပန်ဒီလင်း — ဆေးအညွှန်း

Coral Pendilin (Pendimethalin 33% EC) 500 cc bottle
Coral Pendilin · Pendimethalin 33% EC · 500 cc

“POISON”

Read label carefully before using the products.

Active Ingredients

  • Pendimethalin330 g/L
  • Other ingredients670 g/L
  • Total1000 g/L

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Coral Pendilin (Pendimethalin 33% EC) is a pre-emergence, selective herbicide formulated as an Emulsifiable Concentrate (EC), belonging to the Dinitroaniline chemical group. Applied to the soil surface before weeds emerge, it forms a treated layer that controls germinating annual grasses and broadleaf weeds in paddy, onion, garlic, groundnut, sesame, sunflower, beans, potato, cotton and other field and vegetable crops.

Mode of Action

  • Coral Pendilin is a Group 3 (Dinitroaniline) pre-emergence herbicide.
  • It is absorbed by the germinating shoot and root of susceptible weeds as they emerge through the treated soil layer.
  • It inhibits cell division, preventing normal root and shoot development so that treated weed seedlings fail to emerge or die shortly after emergence.
  • Since it acts before weeds emerge, it must be applied to a weed-free, well-prepared field before germination.

Directions for Use

  • Apply as a uniform spray to the soil surface at the crop/timing stage recommended in the table below, calculated on the basis of 5 knapsack sprayer loads of 20 L water per acre.
  • The soil should have adequate moisture at the time of spraying.
  • Lightly incorporate into the top soil layer with shallow tillage within 24 hours of spraying where recommended.
  • Wait at least 24 hours after spraying before re-entering the field.
  • The field should remain free of rain for at least 2 hours after spraying.

Recommended Rate

CropRate / acreRate / 20 L waterApplication timing
Paddy (dry / direct-seeded)900–1200 cc180–240 mlAfter sowing, before weeds emerge
Garlic, Onion900–1200 cc180–240 ml1–2 days after planting
Groundnut, Sesame, Sunflower, Beans, Potato900–1200 cc180–240 mlBefore weeds emerge
Cotton900–1200 cc180–240 ml1–2 days after planting
Chickpea, Green pea900–1200 cc180–240 ml1–2 days after planting
Tomato, Chili, Eggplant900–1200 cc180–240 ml1–2 days after planting
Spray onto a weed-free field before weeds emerge · Do not exceed the recommended rate

Target Crops

Paddy, Garlic, Onion, Groundnut, Sesame, Sunflower, Beans, Potato, Cotton, Chickpea, Green pea, Tomato, Chili, Eggplant.

Target Weeds

Germinating annual grasses and broadleaf weeds.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling.
  • Wash contaminated clothing thoroughly after use.
  • Do not spray against the wind.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water, holding eyelids open, for several minutes.
  • If inhaled, move the person to fresh air.
  • If swallowed, rinse mouth with water. Do not induce vomiting unless advised by a doctor.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place.
  • Do not reuse empty containers for any purpose.
  • Bury empty containers deep in the ground, away from water sources; do not wash spray equipment or empty containers in rivers, streams or ponds.
  • Do not burn or dump. Keep away from food, animal feed, seed and fertilizer.

GHS Class – (3)

Registration No. P2026-7075 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတို့ ထေရာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Pendimethalin (ပန်ဒီမီသလင်)၃၃၀ ဂရမ်/လီတာ
  • အရောပစ္စည်းများ၆၇၀ ဂရမ်/လီတာ
  • စုစုပေါင်း၁၀၀၀ ဂရမ်/လီတာ

အသားတင်ပါဝင်မှု ၅၀၀ cc · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Pendilin (Pendimethalin 33% EC) သည် Dinitroanilines ဆေးအုပ်စုဝင် မျိုးစေ့မပေါက်မီ ဖျန်းရသော ရွေးချယ်ဖျက်ဆီးနိုင်သည့် ပေါင်းသတ်ဆေးဖြစ်ပါသည်။ မြေမျက်နှာပြင်ပေါ်တွင် ဆေးလွှာတစ်ထပ် ဖွဲ့စည်းပေးပြီး စပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မြေပဲ၊ နနွင်း၊ နေကြာ၊ ပဲမျိုးစုံ၊ အာလူး၊ ဝါ စသည့် သီးနှံခင်းများတွင် ပေါက်ဖွားလာသော တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများကို ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral Pendilin သည် Group 3 (Dinitroanilines) မျိုးစေ့မပေါက်မီ ဖျန်းရသော ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • ပေါင်းမျိုးစေ့များ မြေမျက်နှာပြင်ကို ထိုးဖောက်ပေါက်ဖွားလာစဉ် အမြစ်နှင့် အညှောက်တို့မှတစ်ဆင့် စုပ်ယူပါသည်။
  • ဆဲလ်ခွဲခြင်းလုပ်ငန်းစဉ်ကို ဟန့်တားပေးသဖြင့် ပေါင်းပင်ငယ်များ ပုံမှန်အမြစ်နှင့် အညှောက် မထွက်နိုင်ဘဲ သေဆုံးသွားပါသည်။
  • ပေါင်းမပေါက်မီ ကြိုတင်၍သာ ထိရောက်သောကြောင့် သီးနှံခင်းကို သန့်ရှင်းစွာပြင်ဆင်ပြီးမှ ပေါင်းမပေါက်မီ ဖျန်းရပါမည်။

အသုံးပြုရန် အညွှန်း

  • သီးနှံနှင့် ဆေးဖျန်းချိန်အလိုက် (အောက်ဇယားအတိုင်း) မြေမျက်နှာပြင်ပေါ်သို့ ညီညာစွာဖျန်းပါ။ တစ်ဧကလျှင် ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံး (၅) ပုံနှုန်းဖြင့် တွက်ချက်ထားပါသည်။
  • ဆေးဖျန်းချိန်တွင် လုံလောက်သော မြေအစိုဓာတ်ရှိရမည်။
  • လိုအပ်ပါက ဆေးဖျန်းပြီး (၂၄) နာရီအတွင်း ခပ်တိမ်တိမ် ထွန်ယက်ပြီး မြေကြီးနှင့် ရောမွှေပေးရမည်။
  • ဆေးဖျန်းပြီး (၂၄) နာရီကြာမှ စိုက်ခင်းထဲသို့ ပြန်ဝင်ရမည်။
  • ဆေးဖျန်းပြီး (၂) နာရီကြာ မိုးလွတ်ရမည်။

အသုံးပြုနှုန်းထား

သီးနှံဆေးနှုန်း (စီစီ/ဧက)ဆေးနှုန်း (စီစီ/ရေ ၂၀ လီတာ)ဆေးဖျန်းချိန်
စပါး (အခြောက်ကြဲခင်း)၉၀၀–၁၂၀၀၁၈၀–၂၄၀မျိုးကြဲပြီး ပေါင်းမပေါက်မီ
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၉၀၀–၁၂၀၀၁၈၀–၂၄၀စိုက်ပြီး (၁–၂) ရက်
မြေပဲ၊ နနွင်း၊ နေကြာ၊ ပဲမျိုးစုံ၊ အာလူး၉၀၀–၁၂၀၀၁၈၀–၂၄၀ပေါင်းမပေါက်မီ
ဝါ၉၀၀–၁၂၀၀၁၈၀–၂၄၀စိုက်ပြီး (၁–၂) ရက်
ကုလားပဲ၊ ပန်းပဲ၉၀၀–၁၂၀၀၁၈၀–၂၄၀စိုက်ပြီး (၁–၂) ရက်
ခရမ်းချဉ်၊ ငရုတ်၊ ခရမ်း၉၀၀–၁၂၀၀၁၈၀–၂၄၀စိုက်ပြီး (၁–၂) ရက်
ပေါင်းမပေါက်မီ သန့်ရှင်းသော ခင်းအား ဖျန်းရမည်
အကြံပြုထားသော နှုန်းထားထက် မပိုစေပါနှင့်။

အသုံးပြုနိုင်သော သီးနှံများ

စပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မြေပဲ၊ နနွင်း၊ နေကြာ၊ ပဲမျိုးစုံ၊ အာလူး၊ ဝါ၊ ကုလားပဲ၊ ပန်းပဲ၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်း။

ကာကွယ်နှိမ်နင်းနိုင်သော ပေါင်းများ

ပေါက်ဖွားစတင်နေသော တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများ။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးဖျန်းပြီးနောက် အဝတ်အစားများကို သေချာစွာ လျှော်ဖွပ်ပါ။
  • ဆေးဖျန်းစဉ် လေဆန့်၍ မဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများနှင့် မျက်ခမ်းဖွင့်၍ မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပါ။
  • ဆေးကိုမျိုချမိပါက ရေဖြင့်ခံပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အန်အောင် မပြုလုပ်ပါနှင့်။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို အခြားအသုံးအဆောင်အဖြစ် ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း၊ လွင့်စင်စွန့်ပစ်ခြင်း မပြုလုပ်ပါနှင့်။ အစားအစာ၊ တိရစ္ဆာန်အစာ၊ မျိုးစေ့နှင့် မြေသြဇာများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၃)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7075 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911