Home/ Products/ Agro Chemicals/ Coral Excellent

ကော်ရယ်အိတ်ဆဲလင့် — Coral Excellent

Acetamiprid 20% SP — Insecticide · Group 4 · ပင်လုံးပြန့်အာနိသင်ရှိသော ရေပျော်ပိုးသတ်ဆေးမှုန့်

Product Label · ဆေးအညွှန်း

Coral Excellent — Product Label

ကော်ရယ်အိတ်ဆဲလင့် — ဆေးအညွှန်း

Coral Excellent (Acetamiprid 20% SP) 500 g product label
Coral Excellent · Acetamiprid 20% SP · 500 g

“POISON”

Read label carefully before using the product.

Active Ingredients

  • Acetamiprid20%
  • Other ingredients80%
  • Total100%

Net Weight: 500 g · KEEP OUT OF REACH OF CHILDREN

Product Description

Coral Excellent (Acetamiprid 20% SP) is a systemic, broad-spectrum insecticide formulated as a Soluble Powder (SP), belonging to the Neonicotinoid chemical group. It controls sucking pests such as aphids, leafhoppers, whiteflies, thrips and scale insects on paddy, citrus, cotton, cabbage, pulses, sesame and chili.

Mode of Action

  • Coral Excellent is a Group 4 (Neonicotinoid) systemic insecticide acting on the insect nervous system.
  • It binds to nicotinic acetylcholine receptors, causing continuous nerve stimulation, paralysis and death of the pest.
  • Being systemic, it is absorbed and translocated within the plant, protecting new growth and the underside of leaves where sucking pests hide.
  • Effective against pests resistant to organophosphate and pyrethroid insecticides.

Directions for Use

  • Apply as a uniform foliar spray when pests first appear, following the crop-wise rate below.
  • Calculated on the basis of 5 knapsack sprayer loads of 16 L water per acre.
  • Re-entry period after spraying: 24 hours.
  • Apply 1–2 times per crop season, at 7–10 day intervals depending on pest pressure.

Recommended Rate

CropTarget PestsRate / acre (g)Rate / 16 L water (g)Pre-harvest interval (days)
PaddyLeaf folder, stem borer20–404–814
Citrus (orange, lime), appleLeafminer, aphid, scale insect, whitefly30–606–1214
CottonAphid, jassid, leafhopper, red spider mite, scale insect30–406–814
CabbageLeafhopper, aphid, leafminer, diamondback moth30–506–1014
Green gram, black gram, soybeanAphid, leafhopper, whitefly20–404–814
Sesame, chiliWhitefly, aphid, leafhopper, scale insect, spider mite20–404–814
Apply 1–2 times per crop season · Re-entry interval 24 hours · Do not exceed the recommended rate

Target Crops

Paddy, citrus, cotton, cabbage, green gram, black gram, soybean, sesame and chili.

Target Pests

Aphids, leafhoppers, leaf folders, leafminers, whiteflies, scale insects, jassids and spider mites.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin, and avoid inhaling spray mist or dust.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling; wash contaminated clothing thoroughly after use.
  • Do not spray against the wind.
  • Highly toxic to aquatic life — do not contaminate ponds, rivers or water sources; do not spray near fish or bee-keeping areas.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water for several minutes.
  • If inhaled, move the person to fresh air and keep them calm.
  • If swallowed, do not induce vomiting; seek medical advice immediately and show the container/label to the doctor.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place, away from direct sunlight.
  • Keep away from children, animals, food, animal feed, seed and fertilizer.
  • Do not reuse empty containers for any purpose.
  • Do not wash spray equipment or empty containers in rivers, streams or ponds; bury empty containers deep in the ground, away from water sources.
  • Do not burn or dump.

GHS Class – (4)

Registration No. P2026-7021 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတိုကို သေချာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Acetamiprid (အက်စီတာမီပရစ်)၂၀%
  • အခြားပါဝင်ပစ္စည်း၈၀%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ ဂရမ် · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Excellent (Acetamiprid 20% SP) သည် Neonicotinoids ဆေးအုပ်စုဝင် ပင်လုံးပြန့်အာနိသင်ရှိသော ရေပျော်ပိုးသတ်ဆေးမှုန့် ဖြစ်ပါသည်။ စပါး၊ ရှောက်၊ သံပရာ၊ ဝါ၊ ဂေါ်ဖီထုပ်၊ ပဲမျိုးစုံနှင့် ဆန်းချည်၊ ငရုတ်စိုက်ခင်းများတွင် ပျဉ်၊ လေပိုး၊ ယင်ဖြူ၊ ကူနီနှင့် ပိုးစေးနှံအမျိုးမျိုးကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral Excellent သည် Group 4 (Neonicotinoids) ပင်လုံးပြန့်ပိုးသတ်ဆေးဖြစ်ပြီး ပိုးမွှား၏ အာရုံကြောစနစ်ကို ထိခိုက်စေပါသည်။
  • ပိုးမွှား၏ အာရုံကြောလက်ခံစနစ်ကို ဆက်တိုက်လှုံ့ဆော်ပေးသဖြင့် ခြေလက်လေဗာက်ခြင်း၊ လှုပ်ရှားနိုင်စွမ်းဆုံးရှုံးခြင်းဖြင့် သေဆုံးစေပါသည်။
  • ပင်လုံးပြန့်ဂုဏ်သတ္တိရှိသဖြင့် အပင်တွင်းသို့စုပ်ယူပြီး ရွက်အောက်ခံနှင့် အသစ်ထွက်သောအညှောက်များကိုပါ ကာကွယ်ပေးပါသည်။
  • Organophosphate နှင့် Pyrethroid ဆေးများကို ခုခံနိုင်စွမ်းရှိသော ပိုးများအပေါ်တွင်ပါ ထိရောက်ပါသည်။

အသုံးပြုရန် အညွှန်း

  • ပိုးမွှားစတင်တွေ့ရသည့်ကာလတွင် အောက်ဖော်ပြပါ ဇယားအတိုင်း ရွက်ပေါ်သို့ ညီညာစွာဖျန်းပါ။
  • တစ်ဧကလျှင် ရေ (၁၆) လီတာဝင် ဆေးဖျန်းပုံး (၅) ပုံနှုန်းဖြင့် တွက်ချက်ထားပါသည်။
  • ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်၊ ပိုးမွှားကျရောက်မှုပေါ်မူတည်၍ (၇-၁၀) ရက်ခြား တစ်ကြိမ်ဖျန်းပါ။

အသုံးပြုနှုန်းထား

သီးနှံနှိမ်နင်းနိုင်သောပိုးဂရမ်/ဧကဂရမ်/ရေ ၁၆ လီတာသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါးဖြတ်ညှီ၊ လေးပိုး၂၀–၄၀၄–၈၁၄
ရှောက်၊ သံပရာ၊ ပန်းသီးရွက်ထွင်းပိုး၊ ပျဉ်၊ ဆံလပိုး၊ ယင်ဖြူ ပိုးစေးနှံ၃၀–၆၀၆–၁၂၁၄
ဝါပျဉ်၊ ဖြတ်စိမ်း၊ လေပိုး၊ ပိုးစေးနှံ၃၀–၄၀၆–၈၁၄
ဂေါ်ဖီထုပ်လေပိုး၊ ပျဉ်၊ ရွက်ထွင်းပိုး၊ ဖြတ်စိမ်း၃၀–၅၀၆–၁၀၁၄
ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်ပျဉ်၊ လေပိုး၊ ယင်ဖြူ၂၀–၄၀၄–၈၁၄
ဆန်းချည်၊ ငရုတ်ယင်ဖြူ၊ ပျဉ်၊ လေပိုး၊ ပိုးစေးနှံ၊ မွှားပင့်ကူ၂၀–၄၀၄–၈၁၄
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ

အသုံးပြုနိုင်သော သီးနှံများ

စပါး၊ ရှောက်၊ သံပရာ၊ ဝါ၊ ဂေါ်ဖီထုပ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ ဆန်းချည်နှင့် ငရုတ်စိုက်ခင်းများ။

ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ

ပျဉ်၊ လေပိုး၊ ဖြတ်ညှီ၊ ရွက်ထွင်းပိုး၊ ယင်ဖြူ၊ ပိုးစေးနှံနှင့် မွှားပင့်ကူများ။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။ ဆေးငွေ့၊ ဆေးမှုန့်များကို မရှုရှိက်မိစေရ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။ ဆေးဖျန်းပြီးနောက် အဝတ်အစားများကို သေချာစွာလျှော်ဖွပ်ပါ။
  • ဆေးကို လေအထက်မှ မဖျန်းပါနှင့်။
  • ရေနေသတ္တဝါများကို အဆိပ်သင့်စေနိုင်ပါသည် — မြစ်၊ချောင်း၊ ရေကန်များထဲသို့ ဆေးမရောက်စေရန် ဂရုပြုပါ။ ငါးမွှားနှင့် ပျားမွေးမြူရာနေရာများအနီးတွင် ဆေးမပက်ဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများဖြင့် မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပြီး တည်ငြိမ်စွာနေစေပါ။
  • ဆေးကိုမျိုချမိပါက အန်အောင်မပြုလုပ်ပါနှင့်။ ဆရာဝန်ထံချက်ချင်းပို့ဆောင်ပြီး ဆေးဘူး/အညွှန်းစာကို ပြသပါ။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် နေရောင်ခြည်တိုက်ရိုက်မကျစေဘဲ သိမ်းဆည်းပါ။
  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာ၊ တိရစ္ဆာန်အစာ၊ မျိုးစေ့နှင့် မြေသြဇာများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို အခြားအသုံးအဆောင်အဖြစ် ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း၊ လွင့်စင်စွန့်ပစ်ခြင်း မပြုလုပ်ပါနှင့်။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7021 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911