Home/ Products/ Agro Chemicals/ Coral Mite King

ကော်ရယ်မိုက်ကင်း — Coral Mite King

Pyridaben 15% EC — Insecticide/Miticide · Group 15 · ထိသေ၊ စားသေ အာနိသင်ရှိသော မွှား၊ မွှားပင့်ကူနီသတ်ဆေးရည်

Product Label · ဆေးအညွှန်း

Coral Mite King — Product Label

ကော်ရယ်မိုက်ကင်း — ဆေးအညွှန်း

Coral Mite King (Pyridaben 15% EC) 500 cc product label
Coral Mite King · Pyridaben 15% EC · 500 cc

“POISON”

Read label carefully before using the product.

Active Ingredients

  • Pyridaben15%
  • Other ingredients85%
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Coral Mite King (Pyridaben 15% EC) is a contact and stomach-acting acaricide/miticide formulated as an Emulsifiable Concentrate (EC), belonging to the Pyridazinone chemical group. It controls mites and red spider mites on cabbage, cauliflower, citrus, pulses, tomato, ornamentals (rose, jasmine) and cotton.

Mode of Action

  • Coral Mite King is a Group 15 (Pyridazinone) acaricide that acts by contact and ingestion.
  • It disrupts mitochondrial electron transport in the mite's respiratory system, cutting off its energy supply.
  • It is effective against eggs, larvae and adult mites, giving good residual control across the mite life cycle.
  • Recommended as part of a resistance-management rotation with acaricides from other groups.

Directions for Use

  • Apply as a uniform foliar spray, with special attention to the underside of leaves where mites colonise, following the crop-wise rate below.
  • Calculated on the basis of a knapsack sprayer at the water volume per acre shown below.
  • Re-entry period after spraying: 24 hours.
  • Apply 2–3 times per crop season, at 7–16 day intervals depending on mite pressure.

Recommended Rate

CropTarget PestsRate / acre (cc)Rate / 16 L water (cc)Pre-harvest interval (days)
Cabbage, cauliflowerMites, red spider mites, whitefly160–25025–4014
Citrus, tangerineMites, red spider mites150–20025–4021
Beans, green gramMites, red spider mites150–20025–4014
Tomato, black gramRed spider mites, whitefly150–20025–4014
Rose, jasmineMites, red spider mites150–20025–4014
CottonMites, red spider mites150–20025–4021
Apply 2–3 times per crop season · Re-entry interval 24 hours · Do not exceed the recommended rate

Target Crops

Cabbage, cauliflower, citrus, beans/green gram, tomato, black gram, rose, jasmine and cotton.

Target Pests

Mites and red spider mites; also active against whitefly present alongside mite infestations.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin, and avoid inhaling spray mist.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling; wash contaminated clothing thoroughly after use.
  • Do not spray against the wind.
  • Toxic to aquatic life — do not contaminate ponds, rivers or water sources; do not spray near fish or bee-keeping areas.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water for several minutes.
  • If inhaled, move the person to fresh air and keep them calm.
  • If swallowed, do not induce vomiting; seek medical advice immediately and show the container/label to the doctor.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place, away from direct sunlight.
  • Keep away from children, animals, food, animal feed, seed and fertilizer.
  • Do not reuse empty containers for any purpose.
  • Do not wash spray equipment or empty containers in rivers, streams or ponds; bury empty containers deep in the ground, away from water sources.
  • Do not burn or dump.

GHS Class – (5)

Registration No. P2026-7018 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတိုကို သေချာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Pyridaben (ပိုရီရီဒါဘင်)၁၅%
  • အခြားပါဝင်ပစ္စည်း၈၅%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ စီစီ · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Mite King (Pyridaben 15% EC) သည် Pyridazinone ဆေးအုပ်စုဝင် ထိသေ၊ စားသေ အာနိသင်ရှိသော ရေဖျော်ပိုးသတ်ဆေးရည်ဖြစ်ပါသည်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ရှောက်၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ နှင်းဆီ၊ ဂနေမာနှင့် ဝါစိုက်ခင်းများတွင် မွှားနှင့် မွှားပင့်ကူနီများကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral Mite King သည် Group 15 (Pyridazinone) ထိသေ၊ စားသေ အာနိသင်ရှိသော မွှားသတ်ဆေးဖြစ်ပါသည်။
  • မွှား၏ ရှူသွင်းစနစ်အတွင်း စွမ်းအင်ထုတ်လုပ်မှုကို အနှောင့်အယှက်ပေးပြီး ကလိန်းအင်ဂျင်ကို ရပ်တန့်စေပါသည်။
  • ဥ၊ တီကောင်နှင့် ရှင်သန်ပြီးမွှားများအားလုံးကို ထိရောက်စွာ ထိန်းချုပ်ပေးနိုင်ပါသည်။
  • ခုခံအားမြင့်တက်မှုကို လျှော့ချရန် အခြားအုပ်စုဝင်ဆေးများနှင့် အလှည့်ကျ အသုံးပြုရန် အကြံပြုပါသည်။

အသုံးပြုရန် အညွှန်း

  • ရွက်အောက်ခံတွင် မွှားများစုပုံနေတတ်သဖြင့် ရွက်အောက်ခံအထိ ညီညာစွာဖျန်းပါ။
  • အောက်ဖော်ပြပါ ဇယားအတိုင်း ဆေးဖျန်းပုံးအရေအတွက်နှင့် ရေပမာဏကို တွက်ချက်ပါ။
  • ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၂-၃) ကြိမ်၊ ပိုးမွှားကျရောက်မှုပေါ်မူတည်၍ (၇-၁၆) ရက်ခြား တစ်ကြိမ်ဖျန်းပါ။

အသုံးပြုနှုန်းထား

သီးနှံနှိမ်နင်းနိုင်သောပိုးစီစီ/ဧကစီစီ/ရေ ၁၆ လီတာသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီမွှားများနှင့် ကူးနီများ၊ ယင်ဖြူ၁၆၀–၂၅၀၂၅–၄၀၁၄
ရှောက်၊ ဒေါင်ဗရာလိမ္မော်မွှားများနှင့် ကူးနီများ၁၅၀–၂၀၀၂၅–၄၀၂၁
ပဲပို၊ ပဲတီစိမ်းများမွှားများနှင့် ကူးနီများ၁၅၀–၂၀၀၂၅–၄၀၁၄
ခရမ်းချဉ်၊ မတ်ပဲကူးနီများ၊ ယင်ဖြူ၁၅၀–၂၀၀၂၅–၄၀၁၄
နှင်းဆီ၊ ဂနေမာမွှားများနှင့် ကူးနီများ၁၅၀–၂၀၀၂၅–၄၀၁၄
ဝါမွှားများနှင့် ကူးနီများ၁၅၀–၂၀၀၂၅–၄၀၂၁
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၂-၃) ကြိမ်
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ

အသုံးပြုနိုင်သော သီးနှံများ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ရှောက်၊ ပဲပို၊ ပဲတီစိမ်း၊ ခရမ်းချဉ်၊ မတ်ပဲ၊ နှင်းဆီ၊ ဂနေမာနှင့် ဝါစိုက်ခင်းများ။

ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ

မွှားနှင့် မွှားပင့်ကူနီအမျိုးမျိုး။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးကို လေအထက်မှ မဖျန်းပါနှင့်။
  • ရေနေသတ္တဝါများကို အဆိပ်သင့်စေနိုင်ပါသည် — ငါးမွှားနှင့် ပျားမွေးမြူရာနေရာများအနီးတွင် ဆေးမပက်ဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများဖြင့် မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပါ။
  • ဆေးကိုမျိုချမိပါက အန်အောင်မပြုလုပ်ပါနှင့်။ ဆရာဝန်ထံချက်ချင်းပို့ဆောင်ပါ။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာနှင့် မျိုးစေ့များနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း မပြုလုပ်ပါနှင့်။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၅)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7018 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911