Home/ Products/ Agro Chemicals/ Coral Paddy Shield

ကော်ရယ်ပယ်ဒီရှီးလ် — Coral Paddy Shield

Pretilachlor 30% EC — Herbicide · Group 15 · Fenclorim (Safener) ပါဝင်သော စပါးလယ်အထူးပေါင်းသတ်ဆေး

Product Label · ဆေးအညွှန်း

Coral Paddy Shield — Product Label

ကော်ရယ်ပယ်ဒီရှီးလ် — ဆေးအညွှန်း

Coral Paddy Shield (Pretilachlor 30% EC) 500 cc bottle
Coral Paddy Shield · Pretilachlor 30% EC · 500 cc

“POISON”

Read label carefully before using the products.

Active Ingredients

  • Pretilachlor30%
  • Fenclorim (Safener)10%
  • Other ingredients60%
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Coral Paddy Shield (Pretilachlor 30% EC) is a pre-emergence herbicide formulated as an Emulsifiable Concentrate (EC), belonging to the α-Chloroacetanilide chemical group. It is formulated with Fenclorim (Safener 10%) which protects the rice crop from injury, allowing the product to be applied safely to control annual grasses, sedges and broadleaf weeds in both direct-seeded and transplanted paddy.

Mode of Action

  • Coral Paddy Shield is a Group 15 (α-Chloroacetanilide) pre-emergence herbicide.
  • It is absorbed by the shoots of germinating weeds and inhibits cell division, preventing normal growth so seedlings fail to emerge.
  • The Fenclorim safener allows rice seedlings to metabolize the herbicide safely, so the crop is not injured while susceptible weeds are controlled.
  • It is effective against weeds as they germinate — it does not control weeds already established.

Directions for Use

  • Apply as a uniform spray calculated on the basis of 6 knapsack sprayer loads of 16 L water per acre.
  • Drain standing water from the field one day before spraying.
  • Re-flood the field 1 day after spraying.
  • Maintain a water depth of 2–3 cm (adjusted to seedling height) for about 4–5 days after re-flooding.
  • Wait at least 12 hours after spraying before re-entering the field.
  • The field should remain free of rain for at least 6 hours after spraying.

Recommended Rate

CropRate / acreRate / 16 L waterWaiting period before harvest (days)
Paddy (direct-seeded / transplanted)400–600 cc70–100 ml90
Direct-seeded paddy: apply 0–3 days after sowing · Transplanted paddy: apply 0–5 days after transplanting

Target Crops

Paddy — both direct-seeded and transplanted rice.

Target Weeds

Annual grasses, sedges and broadleaf weeds germinating in paddy fields.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling.
  • Wash contaminated clothing thoroughly after use.
  • Do not spray against the wind.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water, holding eyelids open, for several minutes.
  • If inhaled, move the person to fresh air.
  • If swallowed, rinse mouth with water. Do not induce vomiting unless advised by a doctor.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place.
  • Do not reuse empty containers for any purpose.
  • Bury empty containers deep in the ground, away from water sources; do not wash spray equipment or empty containers in rivers, streams or ponds.
  • Do not burn or dump. Keep away from food, animal feed, seed and fertilizer.

GHS Class – Not classified; keep out of reach of children

Registration No. P2026-7074 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတို့ ထေရာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Pretilachlor (ပရီတလကလိုလို)၃၀%
  • Fenclorim (Safener) (ဖန်ကလိုရင်မ်)၁၀%
  • အရောပစ္စည်းများ၆၀%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ cc · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Paddy Shield (Pretilachlor 30% EC) သည် α-Chloroacetanilides ဆေးအုပ်စုဝင် မျိုးစေ့မပေါက်မီ ဖျန်းရသော ပေါင်းသတ်ဆေးဖြစ်ပါသည်။ အပင်ငယ်များ လောင်ကျွမ်းမှုမရှိစေရန် Fenclorim (Safener 10%) ပါဝင်သောကြောင့် စပါးပင်ငယ်များကို မထိခိုက်စေဘဲ တိုက်ရိုက်စိုက်ချသော်လည်းကောင်း၊ ရွှေပြောင်းစိုက်သော်လည်းကောင်း စပါးလယ်များတွင် တစ်နှစ်ခံမြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းများကို ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral Paddy Shield သည် Group 15 (α-Chloroacetanilides) မျိုးစေ့မပေါက်မီ ဖျန်းရသော ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • ပေါက်ဖွားလာသော ပေါင်းပင်ငယ်များ၏ အညှောက်မှတစ်ဆင့် စုပ်ယူပြီး ဆဲလ်ခွဲခြင်းလုပ်ငန်းစဉ်ကို ဟန့်တားပေးသဖြင့် ပေါင်းပင်ငယ်များ ပုံမှန်မထွက်နိုင်ပါ။
  • Fenclorim (Safener) ပါဝင်ခြင်းကြောင့် စပါးပင်ငယ်များက ဆေး၏ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး ပေါင်းပင်များကိုသာ ရွေးချယ်ဖျက်ဆီးပေးပါသည်။
  • ပေါင်းမျိုးစေ့ပေါက်ဖွားစဉ်ကာလတွင်သာ ထိရောက်ပြီး ပေါက်ရောက်ပြီးသား ပေါင်းများကို မထိရောက်ပါ။

အသုံးပြုရန် အညွှန်း

  • တစ်ဧကလျှင် ရေ (၁၆) လီတာဝင် ဆေးဖျန်းပုံး (၆) ပုံနှုန်းဖြင့် တွက်ချက်ပြီး ညီညာစွာ ဖျန်းပါ။
  • ဆေးမဖျန်းမီ ရေကို တစ်ရက်ကြို၍ ထုတ်ပါ။
  • ဆေးဖျန်းပြီး (၁) ရက်အကြာတွင် ရေပြန်သွင်းပါ။
  • ရေအနက် (၂–၃) စင်တီမီတာကို စပါးပင်အမြင့်ပေါ်မူတည်၍ (၄–၅) ရက်ခန့် ထိန်းထားပါ။
  • ဆေးဖျန်းပြီး (၁၂) နာရီကြာမှ စိုက်ခင်းထဲသို့ ပြန်ဝင်ရမည်။
  • ဆေးဖျန်းပြီး (၆) နာရီကြာ မိုးလွတ်ရမည်။

အသုံးပြုနှုန်းထား

သီးနှံဆေးနှုန်း (စီစီ/ဧက)ဆေးနှုန်း (စီစီ/ရေ ၁၆ လီတာ)သီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါး (တိုက်ရိုက်စိုက်ချ / ရွှေပြောင်းစိုက်)၄၀၀–၆၀၀၇၀–၁၀၀၉၀
တိုက်ရိုက်အစေ့ချစပါး — အစေ့ချပြီး (၀–၃) ရက်အတွင်း ဖျန်းပါ
ရွှေပြောင်းစိုက်စပါး — စိုက်ပြီး (၀–၅) ရက်အတွင်း ဖျန်းပါ

အသုံးပြုနိုင်သော သီးနှံများ

စပါး — တိုက်ရိုက်စိုက်ချစပါးနှင့် ရွှေပြောင်းစိုက်စပါး နှစ်မျိုးလုံး။

ကာကွယ်နှိမ်နင်းနိုင်သော ပေါင်းများ

စပါးလယ်များတွင် ပေါက်ဖွားသော တစ်နှစ်ခံမြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းများ။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးဖျန်းပြီးနောက် အဝတ်အစားများကို သေချာစွာ လျှော်ဖွပ်ပါ။
  • ဆေးဖျန်းစဉ် လေဆန့်၍ မဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများနှင့် မျက်ခမ်းဖွင့်၍ မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပါ။
  • ဆေးကိုမျိုချမိပါက ရေဖြင့်ခံပါ။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အန်အောင် မပြုလုပ်ပါနှင့်။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို အခြားအသုံးအဆောင်အဖြစ် ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း၊ လွင့်စင်စွန့်ပစ်ခြင်း မပြုလုပ်ပါနှင့်။ အစားအစာ၊ တိရစ္ဆာန်အစာ၊ မျိုးစေ့နှင့် မြေသြဇာများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု ( – ) သီးသန့်ဖော်ပြရန်မလိုပါ

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7074 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911