ကာဘို ၂၀ — Carbo 20

Carbosulfan 20% EC — Insecticide · Group 1A (Carbamate) · ကျယ်ပြန့်စွာ နှိမ်နင်းနိုင်သော ထိသေ၊ စားသေနှင့် စိမ့်ဝင်အာနိသင်ရှိသောပိုးသတ်ဆေးရည်

Product Label · ဆေးအညွှန်း

Carbo 20 — Product Label

ကာဘို ၂၀ — ဆေးအညွှန်း

Carbo 20 (Carbosulfan 20% EC) 500 cc product label
Carbo 20 · Carbosulfan 20% EC · 500 cc

“POISON”

Read label carefully before using the product.

Active Ingredients

  • Carbosulfan20%
  • Other ingredients80%
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Carbo 20 (Carbosulfan 20% EC) is a broad-spectrum contact, stomach and systemic-acting insecticide formulated as an Emulsifiable Concentrate (EC), belonging to the Carbamate chemical group. It controls leaf folders, thrips, hispa and leaf rollers on paddy; aphids, whiteflies and pod borers on beans and pulses; fruit borers, whiteflies and aphids on tomato and chili; diamondback moth and aphids on cabbage and cauliflower; and fall armyworm on maize.

Mode of Action

  • Carbo 20 is a Group 1A (Carbamate) insecticide that works by contact, stomach action and systemic uptake.
  • It inhibits the acetylcholinesterase (AChE) enzyme in the pest's nervous system, causing rapid paralysis and death.
  • Systemic and translaminar movement within the plant gives protection against sucking pests as well as chewing/boring larvae.
  • Fast knockdown action limits ongoing crop damage soon after spraying.

Directions for Use

  • Apply as a uniform foliar spray when pests first appear or according to pest monitoring, following the crop-wise rate below.
  • Calculated on the basis of a knapsack sprayer, using approximately 6 tank-loads of spray solution per acre.
  • Re-entry period after spraying: 24 hours.
  • Apply 1–2 times per crop season, at 7–10 day intervals depending on pest pressure.

Recommended Rate

CropTarget PestsRate / acre (cc)Rate / 16 L water (cc)Pre-harvest interval (days)
PaddyLeaf folder, thrips, hispa, leaf roller300–40050–7020
Beans, green gram, black gramAphid, whitefly, pod borer300–40050–7030
Tomato, chiliFruit borer, whitefly, aphid, leafhopper300–40050–7020
Cabbage, cauliflowerDiamondback moth, aphid300–40050–7020
MaizeFall armyworm300–40050–7030
Apply 1–2 times per crop season · Re-entry interval 24 hours · Based on 6 sprayer tank-loads per acre

Target Crops

Paddy, beans and pulses, tomato, chili, cabbage, cauliflower and maize.

Target Pests

Leaf folders, thrips, hispa, leaf rollers, aphids, whiteflies, pod borers, fruit borers, diamondback moth and fall armyworm.

Precautions

  • Wear gloves, a face mask, boots, a long-sleeved shirt, long trousers, goggles and a hat when spraying.
  • Do not let the spray touch the eyes or skin directly.
  • Avoid inhaling spray mist or dust.
  • Do not eat, chew betel, smoke or drink water while handling the product.
  • Wash hands and feet thoroughly with soap after handling.
  • Wash contaminated clothing thoroughly after spraying.
  • Do not spray against the wind.
  • Do not spray near fish ponds or beekeeping areas.

First Aid

  • If in eyes: rinse gently and thoroughly with plenty of water, holding the eyelids open; remove contact lenses after 5 minutes and continue rinsing. Seek medical treatment if irritation persists.
  • If on skin: remove contaminated clothing; wash affected skin and hair thoroughly with soap and water; seek medical advice.
  • If inhaled: move the patient to fresh air and keep them calm; give oxygen only via trained personnel; seek medical treatment.
  • If swallowed: if the patient is conscious, rinse the mouth with water; if unconscious, do not give anything by mouth; do not induce vomiting unless advised by a doctor or poison control centre; take the patient to the doctor together with the container/label.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place.
  • Do not store for long periods in direct sunlight.
  • Keep well away from children, animals, food, seed and fertilizer.
  • Do not reuse empty containers for any purpose; bury them deep in the ground.
  • Do not wash spray equipment or empty containers in rivers, streams, canals or ponds.
  • Do not burn or dump.

GHS Class – (4)

Registration No. P2026-7016 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတိုကို သေချာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Carbosulfan (ကာဘိုဆာလ်ဖန်)၂၀%
  • အခြားပါဝင်ပစ္စည်း၈၀%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ စီစီ · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Carbo 20 (Carbosulfan 20% EC) သည် Carbamate ဆေးအုပ်စုဝင် ကျယ်ပြန့်စွာ နှိမ်နင်းနိုင်သော ထိသေ၊ စားသေနှင့် စိမ့်ဝင်အာနိသင်ရှိသော ပိုးသတ်ဆေးရည်ဖြစ်ပါသည်။ စပါးတွင် ရွက်ခေါက်ပိုး၊ ဆံပိုး၊ ကြက်သွန်ဖြတ်ပိုး၊ ပဲမျိုးစုံတွင် ထွားကောင်၊ ယင်ဖြူ၊ သီးလုံးဖောက်ပိုး၊ ခရမ်းချဉ်နှင့်ငရုတ်တွင် သီးတောင့်ထိုးပိုး၊ ယင်ဖြူ၊ ပျ၊ ဂေါ်ဖီထုတ်တွင် စိန်ကွက်ဖလံနှင့် ပြောင်းတွင် ဖောမြောင်တောင်တို့ကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Carbo 20 သည် Group 1A (Carbamate) ထိသေ၊ စားသေနှင့် စိမ့်ဝင်အာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်ပါသည်။
  • ပိုးမွှား၏ အာရုံကြောစနစ်ရှိ acetylcholinesterase (AChE) အင်ဇိုင်းကို ပိတ်ဆို့ပေးသဖြင့် ပိုးမွှားများ လျင်မြန်စွာ ကြွက်သားတုန်လှုပ်၍ သေဆုံးသွားစေသည်။
  • ပင်အတွင်းသို့ စိမ့်ဝင်နိုင်စွမ်းရှိသဖြင့် စုပ်စားကောင်ပိုးများနှင့် ကိုက်စား/ဖောက်ထွင်းကောင်ပိုးများကို နှစ်မျိုးစလုံး ထိန်းချုပ်ပေးနိုင်ပါသည်။
  • ဆေးဖျန်းပြီးချိန်တိုအတွင်း ပိုးမွှားများ လျင်မြန်စွာ သေဆုံးသဖြင့် သီးနှံပျက်စီးမှုကို ဆက်လက်ကာကွယ်ပေးနိုင်ပါသည်။

အသုံးပြုရန် အညွှန်း

  • ကောင်ပိုးစတင်တွေ့ရသည့်အချိန် (သို့) စောင့်ကြည့်လေ့လာမှုအပေါ်မူတည်၍ အောက်ဖော်ပြပါ ဇယားအတိုင်း ညီညာစွာဖျန်းပါ။
  • တစ်ဧကလျှင် ဆေးဖျန်းပုံး (၆) ပုံနှင့်ညီမျှသော ရေပမာဏဖြင့် တွက်ချက်ထားပါသည်။
  • ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်အထိ၊ ပိုးမွှားကျရောက်မှုပေါ်မူတည်၍ (၇-၁၀) ရက်ခြား တစ်ကြိမ်ဖျန်းပါ။

အသုံးပြုနှုန်းထား

သီးနှံနှိမ်နင်းနိုင်သောပိုးများစီစီ/ဧကစီစီ/ရေ ၁၆ လီတာသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါးဖြတ်ညှို့၊ ကြက်သွန်ဖြတ်ပိုး၊ ဆံပိုး၊ ရွက်ခေါက်ပိုး၃၀၀–၄၀၀၅၀–၇၀၂၀
ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲထွားကောင်၊ ယင်ဖြူ၊ သီးလုံးဖောက်ပိုး၃၀၀–၄၀၀၅၀–၇၀၃၀
ခရမ်းချဉ်၊ ငရုတ်သီးတောင့်ထိုးပိုး၊ ယင်ဖြူ၊ ပျ၃၀၀–၄၀၀၅၀–၇၀၂၀
ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီစိန်ကွက်ဖလံ၊ ပျ၃၀၀–၄၀၀၅၀–၇၀၂၀
ပြောင်းဖောမြောင်တောင်၃၀၀–၄၀၀၅၀–၇၀၃၀
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ

အသုံးပြုနိုင်သော သီးနှံများ

စပါး၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီနှင့် ပြောင်း။

ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ

ရွက်ခေါက်ပိုး၊ ဆံပိုး၊ ကြက်သွန်ဖြတ်ပိုး၊ ထွားကောင်၊ ယင်ဖြူ၊ သီးလုံးဖောက်ပိုး၊ သီးတောင့်ထိုးပိုး၊ စိန်ကွက်ဖလံနှင့် ဖောမြောင်တောင်။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ မျက်မှန်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရ။
  • ဆေးငွေ့၊ ဆေးမှုန့်များကို မရှူမိစေရ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် ခြေလက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးဖျန်းပြီးနောက် အဝတ်အစားများကို သေချာစွာ လျှော်ဖွပ်ပါ။
  • ဆေးကို လေအထက်မှ မဖျန်းပါနှင့်။
  • ငါးမွေးကန်နှင့် ပျားမွေးမြူရာနေရာများအနီးတွင် ဆေးမပက်ဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • မျက်စိအတွင်းသို့ ဆေးဝင်ပါက ရေများများနှင့် ဖြေးညင်းစွာဖွင့်၍ ဆေးကြောပါ။ မျက်ကပ်မှန် တပ်ထားပါက (၅) မိနစ်နေလျှင် ဖြုတ်ပြီး ဆက်လက်ဆေးကြောပါ။ ယားယံမှုဆက်ရှိနေပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
  • အရေပြားနှင့်ထိမိပါက ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။ ဆေးထိမိသော အရေပြားနှင့် ဆံပင်ကို ရေနှင့် ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • ဆေးရှုမိပါက လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပြီး ငြိမ်သက်စွာထားပါ။ အောက်ဆီဂျင် ပေးရန်လိုအပ်ပါက ကျွမ်းကျင်သော ဝန်ထမ်းမှသာ ပေးရမည်။
  • ဆေးကိုမျိုချမိပါက လူနာသတိရှိနေလျှင် ပါးစပ်ကို ရေနှင့်ဆေးကြောပါ။ သတိလစ်နေပါက ပါးစပ်ထဲသို့ မည်သည့်အရာမျှ မထည့်ပါနှင့်။ ဆရာဝန် (သို့) အဆိပ်ထိန်းဌာနမှ ညွှန်ကြားချက်မရှိပါက အန်အောင် မပြုလုပ်ပါနှင့်။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ ဘူးအညွှန်းစာနှင့်အတူ ချက်ချင်းသွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • နေရောင်ခြည်တိုက်ရိုက်ကျသောနေရာတွင် ကြာရှည်မသိုလှောင်ပါနှင့်။
  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာနှင့် မျိုးစေ့များနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို ပြန်လည်အသုံးမပြုပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်။
  • မီးရှို့ခြင်း မပြုလုပ်ပါနှင့်။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7016 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911