Home/ Products/ Agro Chemicals/ Coral Spiro

ကော်ရယ်စပီရို — Coral Spiro

Spirotetramat 24% SC — Insecticide · Group 23 (Tetramic acids) · ပင်လုံးပြန့်နှံ့သော အာနိသင်ရှိ ပိုးသတ်ဆေးရည်

Product Label · ဆေးအညွှန်း

Coral Spiro — Product Label

ကော်ရယ်စပီရို — ဆေးအညွှန်း

Coral Spiro (Spirotetramat 24% SC) 500 cc product label
Coral Spiro · Spirotetramat 24% SC · 500 cc

“POISON”

Read label carefully before using the product.

Active Ingredients

  • Spirotetramat24%
  • Other ingredients76%
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Coral Spiro (Spirotetramat 24% SC) is a two-way systemic (translaminar and phloem-mobile) insecticide formulated as a Suspension Concentrate (SC), belonging to the Tetramic acid chemical group. Its unique two-way movement within the plant reaches both new growth and hidden pests, controlling whiteflies, aphids, mealybugs, scale insects, thrips and psyllids on beans, tomato, chili, cotton, cabbage, onion and garlic, citrus and grapes.

Mode of Action

  • Coral Spiro is a Group 23 (tetramic/tetronic acid derivative) insecticide that inhibits lipid biosynthesis in insects.
  • It moves both upward and downward within the plant (two-way systemicity), protecting new leaves, roots and hidden feeding sites.
  • Affected pests stop feeding and immature stages fail to develop normally; effects on juveniles and eggs build up over several days.
  • Its mode of action makes it especially effective against sucking pests that hide on the underside of leaves or within curled foliage.

Directions for Use

  • Apply as a uniform foliar spray when sucking pests first appear or according to pest monitoring, following the crop-wise rate below.
  • Calculated on the basis of a knapsack sprayer at the water volume per acre shown below.
  • Re-entry period after spraying: 24 hours.
  • Apply 1–2 times per crop season, at 7–14 day intervals depending on pest pressure.

Recommended Rate

CropTarget PestsRate / acre (cc)Rate / 16 L water (cc)Pre-harvest interval (days)
Beans, green gram, black gramWhitefly, aphid, thrips75–10012–2020
Tomato, chili, brinjalWhitefly, aphid, thrips100–15017–2514
CottonWhitefly, aphid, cotton mealybug90–12015–2030
Cabbage, cauliflowerAphid, diamondback moth, whitefly100–15017–2520
Onion, garlicThrips100–15017–2514
Citrus, limeWhitefly, scale insects, mealybug, aphid90–12015–2030
GrapesMealybug, thrips90–12015–2014
Apply 1–2 times per crop season · Re-entry interval 24 hours · Do not exceed the recommended rate

Target Crops

Beans and pulses, tomato, chili, brinjal, cotton, cabbage, cauliflower, onion, garlic, citrus and grapes.

Target Pests

Whiteflies, aphids, thrips, mealybugs and scale insects — sucking pests across vegetables, cotton, citrus and grapes.

Precautions

  • Wear gloves, a face mask, boots, a long-sleeved shirt, long trousers, goggles and a hat when spraying.
  • Do not let the spray touch the eyes or skin directly.
  • Avoid inhaling spray mist or dust.
  • Do not eat, chew betel, smoke or drink water while handling the product.
  • Wash hands and feet thoroughly with soap after handling.
  • Wash contaminated clothing thoroughly after spraying.
  • Do not spray against the wind.
  • Do not spray near fish ponds or beekeeping areas.

First Aid

  • If in eyes: rinse gently and thoroughly with plenty of water, holding the eyelids open; remove contact lenses after 5 minutes and continue rinsing. Seek medical treatment if irritation persists.
  • If on skin: remove contaminated clothing; wash affected skin and hair thoroughly with soap and water; seek medical advice.
  • If inhaled: move the patient to fresh air and keep them calm; give oxygen only via trained personnel; seek medical treatment.
  • If swallowed: if the patient is conscious, rinse the mouth with water; if unconscious, do not give anything by mouth; do not induce vomiting unless advised by a doctor or poison control centre; take the patient to the doctor together with the container/label.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place.
  • Do not store for long periods in direct sunlight.
  • Keep well away from children, animals, food, seed and fertilizer.
  • Do not reuse empty containers for any purpose; bury them deep in the ground.
  • Do not wash spray equipment or empty containers in rivers, streams, canals or ponds.
  • Do not burn or dump.

GHS Class – (4)

Registration No. P2026-7020 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတိုကို သေချာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Spirotetramat (စပီရိုတက်ထရာမက်)၂၄%
  • အခြားပါဝင်ပစ္စည်း၇၆%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ စီစီ · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Spiro (Spirotetramat 24% SC) သည် Tetramic acids ဆေးအုပ်စုဝင် ပင်လုံးပြန့်နှံ့ (နှစ်ဖက်စိမ့်ဝင်) အာနိသင်ရှိသော ပိုးသတ်ဆေးရည်ဖြစ်ပါသည်။ ပင်အတွင်း အထက်နှင့်အောက်သို့ နှစ်ဖက်စိမ့်ဝင်နိုင်စွမ်းရှိသဖြင့် အပင်သစ်ရွက်နှင့် ကွယ်ရာနေရာရှိပိုးများအထိ ရောက်ရှိနိုင်ပါသည်။ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊ ဝါ၊ ဂေါ်ဖီထုတ်၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူ၊ ရှောက်နှင့် စပျစ်တို့တွင် ယင်ဖြူ၊ ပျ၊ ပိုးစေးနှဲ၊ လေးပိုးနှင့် အကြေးပိုးများကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral Spiro သည် Group 23 (Tetramic acids) အုပ်စုဝင် ပိုးမွှား၏ အဆီဓာတ်ထုတ်လုပ်မှုစနစ်ကို ပိတ်ဆို့ပေးသော ပိုးသတ်ဆေးဖြစ်ပါသည်။
  • ပင်အတွင်း အထက်နှင့်အောက်သို့ နှစ်ဖက်စိမ့်ဝင်နိုင်သဖြင့် အပင်သစ်ရွက်၊ အမြစ်နှင့် ကွယ်ရာနေရာများရှိ ပိုးများအထိ ထိရောက်ပါသည်။
  • ဆေးထိသည့်ပိုးများသည် အစာစားခြင်းရပ်ပြီး၊ ပိုးပေါက်စများ ပုံမှန်ကြီးထွားမှုမရှိတော့ဘဲ ရက်အနည်းငယ်အတွင်း ကျဆင်းသွားပါသည်။
  • ရွက်အောက်ခံ (သို့) ရွက်လိပ်အတွင်း ကွယ်ရာတွင်ရှိသော စုပ်စားကောင်ပိုးများကို အထူးထိရောက်ပါသည်။

အသုံးပြုရန် အညွှန်း

  • စုပ်စားကောင်ပိုးများ စတင်တွေ့ရသည့်အချိန် (သို့) စောင့်ကြည့်လေ့လာမှုအပေါ်မူတည်၍ အောက်ဖော်ပြပါ ဇယားအတိုင်း ညီညာစွာဖျန်းပါ။
  • အောက်ဖော်ပြပါ ဇယားအတိုင်း ဆေးဖျန်းပုံးအရေအတွက်နှင့် ရေပမာဏကို တွက်ချက်ပါ။
  • ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်အထိ၊ ပိုးမွှားကျရောက်မှုပေါ်မူတည်၍ (၇-၁၄) ရက်ခြား တစ်ကြိမ်ဖျန်းပါ။

အသုံးပြုနှုန်းထား

သီးနှံနှိမ်နင်းနိုင်သောပိုးများစီစီ/ဧကစီစီ/ရေ ၁၆ လီတာသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲယင်ဖြူ၊ ပျ၊ လေးပိုး၇၅–၁၀၀၁၂–၂၀၂၀
ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းယင်ဖြူ၊ ပျ၊ လေးပိုး၁၀၀–၁၅၀၁၇–၂၅၁၄
ဝါယင်ဖြူ၊ ပျ၊ ဝါပိုးနီ၉၀–၁၂၀၁၅–၂၀၃၀
ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီပျ၊ စိန်ကွက်ဖလံ၊ ဖြတ်၁၀၀–၁၅၀၁၇–၂၅၂၀
ကြက်သွန်နီ၊ ကြက်သွန်ဖြူလေးပိုး၁၀၀–၁၅၀၁၇–၂၅၁၄
ရှောက်၊ သံပရာဖြတ်၊ အကြေးပိုး၊ ပိုးစေးနှဲ၊ ပျ၉၀–၁၂၀၁၅–၂၀၃၀
စပျစ်ပိုးစေးနှဲ၊ လေးပိုး၉၀–၁၂၀၁၅–၂၀၁၄
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ

အသုံးပြုနိုင်သော သီးနှံများ

ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်း၊ ဝါ၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်နှင့် စပျစ်။

ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ

ယင်ဖြူ၊ ပျ၊ လေးပိုး၊ ပိုးစေးနှဲနှင့် အကြေးပိုးများအပါအဝင် ဟင်းသီးဟင်းရွက်၊ ဝါ၊ ရှောက်နှင့် စပျစ်ပင်များတွင် ကျရောက်တတ်သော စုပ်စားကောင်ပိုးများ။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ မျက်မှန်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရ။
  • ဆေးငွေ့၊ ဆေးမှုန့်များကို မရှူမိစေရ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် ခြေလက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးဖျန်းပြီးနောက် အဝတ်အစားများကို သေချာစွာ လျှော်ဖွပ်ပါ။
  • ဆေးကို လေအထက်မှ မဖျန်းပါနှင့်။
  • ငါးမွေးကန်နှင့် ပျားမွေးမြူရာနေရာများအနီးတွင် ဆေးမပက်ဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • မျက်စိအတွင်းသို့ ဆေးဝင်ပါက ရေများများနှင့် ဖြေးညင်းစွာဖွင့်၍ ဆေးကြောပါ။ မျက်ကပ်မှန် တပ်ထားပါက (၅) မိနစ်နေလျှင် ဖြုတ်ပြီး ဆက်လက်ဆေးကြောပါ။ ယားယံမှုဆက်ရှိနေပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
  • အရေပြားနှင့်ထိမိပါက ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။ ဆေးထိမိသော အရေပြားနှင့် ဆံပင်ကို ရေနှင့် ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • ဆေးရှုမိပါက လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပြီး ငြိမ်သက်စွာထားပါ။ အောက်ဆီဂျင် ပေးရန်လိုအပ်ပါက ကျွမ်းကျင်သော ဝန်ထမ်းမှသာ ပေးရမည်။
  • ဆေးကိုမျိုချမိပါက လူနာသတိရှိနေလျှင် ပါးစပ်ကို ရေနှင့်ဆေးကြောပါ။ သတိလစ်နေပါက ပါးစပ်ထဲသို့ မည်သည့်အရာမျှ မထည့်ပါနှင့်။ ဆရာဝန် (သို့) အဆိပ်ထိန်းဌာနမှ ညွှန်ကြားချက်မရှိပါက အန်အောင် မပြုလုပ်ပါနှင့်။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ ဘူးအညွှန်းစာနှင့်အတူ ချက်ချင်းသွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • နေရောင်ခြည်တိုက်ရိုက်ကျသောနေရာတွင် ကြာရှည်မသိုလှောင်ပါနှင့်။
  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာနှင့် မျိုးစေ့များနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို ပြန်လည်အသုံးမပြုပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်။
  • မီးရှို့ခြင်း မပြုလုပ်ပါနှင့်။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7020 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911