ကိုနိုဖော့စ် — Co Nofos

Profenofos 50% EC — Insecticide · Group 1B · ထိသေ၊ စားသေ အာနိသင်ရှိသော ရေဖျော်ပိုးသတ်ဆေးရည်

Product Label · ဆေးအညွှန်း

Co Nofos — Product Label

ကိုနိုဖော့စ် — ဆေးအညွှန်း

Co Nofos (Profenofos 50% EC) 500 cc product label
Co Nofos · Profenofos 50% EC · 500 cc

“POISON”

Read label carefully before using the product.

Active Ingredients

  • Profenofos50%
  • Other ingredients50%
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Co Nofos (Profenofos 50% EC) is a contact and stomach-acting insecticide formulated as an Emulsifiable Concentrate (EC), belonging to the Organophosphate chemical group. It controls bollworms, leaf folders, diamondback moth, pod borers and other chewing pests on cotton, paddy, cabbage, cauliflower, pulses, chili and citrus.

Mode of Action

  • Co Nofos is a Group 1B (Organophosphate) insecticide that works by contact and ingestion.
  • It inhibits acetylcholinesterase, an enzyme essential to nerve signal transmission in the pest, causing paralysis and death.
  • It has quick knock-down action against actively feeding larvae and adult insects.
  • As a Group 1B mode of action, it should be rotated with insecticides from other groups to help manage resistance.

Directions for Use

  • Apply as a uniform foliar spray when pests first appear, following the crop-wise rate below.
  • Calculated on the basis of a knapsack sprayer at the water volume per acre shown below.
  • Re-entry period after spraying: 24 hours.
  • Apply 1–2 times per crop season, at 7–15 day intervals depending on pest pressure.

Recommended Rate

CropTarget PestsRate / acre (cc)Rate / 16 L water (cc)Pre-harvest interval (days)
CottonBollworm, stem borer200–30035–5020
Cabbage and paddyDiamondback moth, leaf folder, leaf-rolling caterpillar200–25035–5015
Cabbage, cauliflowerDiamondback moth200–25035–5014
Pulses, groundnutPod borer200–25040–6014
Tomato, fruiting vegetablesFruit borer200–25035–4014
Chili, citrusFruit borer, leafminer200–30035–4014
Watermelon, cucurbitsLeaf-eating caterpillars200–20035–5014
Apply 1–2 times per crop season · Re-entry interval 24 hours · Do not exceed the recommended rate

Target Crops

Cotton, paddy, cabbage, cauliflower, pulses, groundnut, tomato, chili, citrus and watermelon/cucurbits.

Target Pests

Bollworms, stem borers, diamondback moth, leaf folders, pod borers, fruit borers and leaf-eating caterpillars.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin, and avoid inhaling spray mist.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling; wash contaminated clothing thoroughly after use.
  • Do not spray against the wind.
  • Highly toxic to aquatic life and bees — do not contaminate ponds, rivers or water sources; do not spray near fish or bee-keeping areas or on flowering crops during pollinator activity.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water for several minutes.
  • If inhaled, move the person to fresh air and keep them calm.
  • If swallowed, do not induce vomiting; seek medical advice immediately and show the container/label to the doctor.
  • Seek medical advice and treatment in all cases — organophosphate poisoning requires prompt medical attention.

Antidote

No home antidote. Organophosphate poisoning requires prompt medical treatment (e.g. atropine, under a doctor's supervision).

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place, away from direct sunlight.
  • Keep away from children, animals, food, animal feed, seed and fertilizer.
  • Do not reuse empty containers for any purpose.
  • Do not wash spray equipment or empty containers in rivers, streams or ponds; bury empty containers deep in the ground, away from water sources.
  • Do not burn or dump.

GHS Class – (4)

Registration No. P2026-7019 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတိုကို သေချာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Profenofos (ပရိုဖီနိုဖော့စ်)၅၀%
  • အခြားပါဝင်ပစ္စည်း၅၀%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ စီစီ · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Co Nofos (Profenofos 50% EC) သည် Organophosphate ဆေးအုပ်စုဝင် ထိသေ၊ စားသေ အာနိသင်ရှိသော ရေဖျော်ပိုးသတ်ဆေးရည်ဖြစ်ပါသည်။ ဝါ၊ စပါး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပဲမျိုးစုံ၊ ငရုတ်နှင့် ရှောက်စိုက်ခင်းများတွင် သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလေးနှင့် ကောင်ပိုးအမျိုးမျိုးကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Co Nofos သည် Group 1B (Organophosphate) ထိသေ၊ စားသေ အာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်ပါသည်။
  • ပိုးမွှား၏ အာရုံကြောလှုပ်ရှားမှုအတွက် မရှိမဖြစ်လိုအပ်သော အင်ဇိုင်း (acetylcholinesterase) ကို ပိတ်ဆို့ပေးသဖြင့် ခြေလက်လေဗာက်ခြင်း၊ သေဆုံးခြင်းဖြစ်စေပါသည်။
  • အစာစားနေသည့် ကောင်ပိုးနှင့် ရွယ်ရင့်ပိုးများအပေါ် လျင်မြန်စွာ သက်ရောက်မှုရှိပါသည်။
  • ခုခံအားမြင့်တက်မှုကို လျှော့ချရန် အခြားအုပ်စုဝင်ဆေးများနှင့် အလှည့်ကျ အသုံးပြုရန် အကြံပြုပါသည်။

အသုံးပြုရန် အညွှန်း

  • ပိုးမွှားစတင်တွေ့ရသည့်ကာလတွင် အောက်ဖော်ပြပါ ဇယားအတိုင်း ရွက်ပေါ်သို့ ညီညာစွာဖျန်းပါ။
  • အောက်ဖော်ပြပါ ဇယားအတိုင်း ဆေးဖျန်းပုံးအရေအတွက်နှင့် ရေပမာဏကို တွက်ချက်ပါ။
  • ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်၊ ပိုးမွှားကျရောက်မှုပေါ်မူတည်၍ (၇-၁၅) ရက်ခြား တစ်ကြိမ်ဖျန်းပါ။

အသုံးပြုနှုန်းထား

သီးနှံနှိမ်နင်းနိုင်သောပိုးစီစီ/ဧကစီစီ/ရေ ၁၆ လီတာသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
ဝါသီးလုံးဖောက်ပိုး၊ လေးပိုး၂၀၀–၃၀၀၃၅–၅၀၂၀
ဂေါ်ဖီထုပ်နှင့် စပါးစိန်ကွက်ဖလေး၊ ဖြတ်ညှီ၊ ရွက်လိပ်ကောင်ပိုး၂၀၀–၂၅၀၃၅–၅၀၁၅
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိန်ကွက်ဖလေး၂၀၀–၂၅၀၃၅–၅၀၁၄
ပဲမျိုးစုံ၊ မြေပဲပဲအတွင်းဖောက်ကောင်ပိုး၂၀၀–၂၅၀၄၀–၆၀၁၄
ခရမ်းချဉ်၊ အသီးထွက်ဟင်းသီးဟင်းရွက်အသီးဖောက်ကောင်ပိုး၂၀၀–၂၅၀၃၅–၄၀၁၄
ငရုတ်၊ ရှောက်အသီးဖောက်ကောင်ပိုး၊ ရွက်ထွင်းပိုး၂၀၀–၃၀၀၃၅–၄၀၁၄
ဖရဲ၊ သခွားမျိုးစုံရွက်စားကောင်ပိုး၂၀၀၃၅–၅၀၁၄
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၁-၂) ကြိမ်
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ

အသုံးပြုနိုင်သော သီးနှံများ

ဝါ၊ စပါး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပဲမျိုးစုံ၊ မြေပဲ၊ ခရမ်းချဉ်၊ ငရုတ်၊ ရှောက်နှင့် ဖရဲ/သခွားစိုက်ခင်းများ။

ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ

သီးလုံးဖောက်ပိုး၊ လေးပိုး၊ စိန်ကွက်ဖလေး၊ ဖြတ်ညှီ၊ ပဲအတွင်းဖောက်ကောင်ပိုး၊ အသီးဖောက်ကောင်ပိုးနှင့် ရွက်စားကောင်ပိုးများ။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးကို လေအထက်မှ မဖျန်းပါနှင့်။
  • ရေနေသတ္တဝါများနှင့် ပျားများကို အန္တရာယ်ဖြစ်စေနိုင်ပါသည် — ငါးမွှားနှင့် ပျားမွေးမြူရာနေရာများအနီး၊ ပန်းပွင့်ချိန်တွင် ဆေးမပက်ဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများဖြင့် မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပါ။
  • ဆေးကိုမျိုချမိပါက အန်အောင်မပြုလုပ်ပါနှင့်။ ဆရာဝန်ထံချက်ချင်းပို့ဆောင်ပါ — Organophosphate အဆိပ်သင့်မှုသည် အလျင်အမြန်ကုသမှု လိုအပ်ပါသည်။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

အိမ်တွင်းဖြေဆေးမရှိပါ။ ဆရာဝန်၏ကြီးကြပ်မှုအောက်တွင် သင့်လျော်သောဆေးဖြင့် ချက်ချင်းကုသရမည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာနှင့် မျိုးစေ့များနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း မပြုလုပ်ပါနှင့်။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7019 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911