Home/ Products/ Agro Chemicals/ Coral Larva

ကော်ရယ်လာဗာ — Coral Larva

Chlorfenapyr 24% SC — Insecticide · Group 13 · ထိုးဖောက်စိမ့်ဝင်အားကောင်းသော ထိသေ၊ စားသေ အာနိသင်ရှိသောပိုးသတ်ဆေးရည်

Product Label · ဆေးအညွှန်း

Coral Larva — Product Label

ကော်ရယ်လာဗာ — ဆေးအညွှန်း

Coral Larva (Chlorfenapyr 24% SC) 500 cc product label
Coral Larva · Chlorfenapyr 24% SC · 500 cc

“POISON”

Read label carefully before using the product.

Active Ingredients

  • Chlorfenapyr24%
  • Other ingredients76%
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Coral Larva (Chlorfenapyr 24% SC) is a contact and stomach-acting insecticide with strong penetrating/translaminar action, formulated as a Suspension Concentrate (SC), belonging to the Pyrrole chemical group. It controls caterpillars, stem borers, leaf folders, fruit borers and other larval pests on paddy, cotton, fruiting vegetables, citrus, cabbage, pulses and fruit trees.

Mode of Action

  • Coral Larva is a Group 13 (Pyrrole) insecticide that works by contact and ingestion.
  • It is a pro-insecticide, converted inside the pest's body into an active form that disrupts mitochondrial energy production.
  • Affected larvae stop feeding within hours and die over 2–3 days, limiting further crop damage quickly.
  • Its translaminar action helps reach larvae feeding inside leaf folds, fruit or stems.

Directions for Use

  • Apply as a uniform foliar spray when larvae first appear or according to pest monitoring, following the crop-wise rate below.
  • Calculated on the basis of a knapsack sprayer at the water volume per acre shown below.
  • Re-entry period after spraying: 24 hours.
  • Apply up to 3 times per crop season, at 10–16 day intervals depending on pest pressure.

Recommended Rate

CropTarget PestsRate / acre (cc)Rate / 16 L water (cc)Pre-harvest interval (days)
PaddyStem borer, cutworm, leaf folder100–15015–2214
CottonBollworm, stem borer, aphid100–15015–2214
Fruiting vegetables (chili, tomato)Fruit borer, leaf-eating caterpillars, cutworm200–30025–3820
CitrusLeafminer, spider mites100–20015–3314
Cabbage, cauliflowerDiamondback moth, cutworm, leaf folder100–15015–2214
Green gram, black gram, pulsesPod borer, leaf-eating caterpillars100–20015–3320
Mango, apple, fruit treesFruit borer, leaf-eating caterpillars100–20015–3320
Apply up to 3 times per crop season · Re-entry interval 24 hours · Do not exceed the recommended rate

Target Crops

Paddy, cotton, fruiting vegetables, citrus, cabbage, cauliflower, pulses and fruit trees.

Target Pests

Stem borers, cutworms, leaf folders, bollworms, fruit borers, diamondback moth, pod borers and other larval (caterpillar) pests.

Precautions

  • Wear gloves, a face mask, goggles, a long-sleeved shirt, long trousers and a hat during mixing and spraying.
  • Avoid direct contact of the spray with eyes and skin, and avoid inhaling spray mist.
  • Do not eat, chew betel, smoke or drink while handling or spraying the product.
  • Wash hands thoroughly with soap after handling; wash contaminated clothing thoroughly after use.
  • Do not spray against the wind.
  • Highly toxic to aquatic life — do not contaminate ponds, rivers or water sources; do not spray near fish or bee-keeping areas.

First Aid

  • Remove contaminated clothing immediately.
  • Wash affected skin thoroughly with soap and water.
  • If in eyes, rinse gently with plenty of water for several minutes.
  • If inhaled, move the person to fresh air and keep them calm.
  • If swallowed, do not induce vomiting; seek medical advice immediately and show the container/label to the doctor.
  • Seek medical advice and treatment in all cases.

Antidote

No specific antidote. Treat symptomatically according to signs of poisoning.

Storage & Disposal

  • Store in the original tightly closed container in a cool, dry, well-ventilated place, away from direct sunlight.
  • Keep away from children, animals, food, animal feed, seed and fertilizer.
  • Do not reuse empty containers for any purpose.
  • Do not wash spray equipment or empty containers in rivers, streams or ponds; bury empty containers deep in the ground, away from water sources.
  • Do not burn or dump.

GHS Class – (4)

Registration No. P2026-7022 · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတိုကို သေချာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Chlorfenapyr (ကလိုဖင်နာပြာ)၂၄%
  • အခြားပါဝင်ပစ္စည်း၇၆%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ စီစီ · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Larva (Chlorfenapyr 24% SC) သည် Pyrroles ဆေးအုပ်စုဝင် ထိုးဖောက်စိမ့်ဝင်အားကောင်းသော ထိသေ၊ စားသေ အာနိသင်ရှိသည့် ပိုးသတ်ဆေးရည်ဖြစ်ပါသည်။ စပါး၊ ဝါ၊ အသီးသီးသောဟင်းသီးဟင်းရွက်၊ ရှောက်၊ ဂေါ်ဖီထုပ်၊ ပဲမျိုးစုံနှင့် အသီးပင်များတွင် ပင်လုံးဖျက်ပိုး၊ ဖြတ်ညှီနှင့် ကောင်ပိုးအမျိုးမျိုးကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Coral Larva သည် Group 13 (Pyrroles) ထိသေ၊ စားသေ အာနိသင်ရှိသော ပိုးသတ်ဆေးဖြစ်ပါသည်။
  • ပိုးမွှား၏ ခန္ဓာကိုယ်အတွင်း အာနိသင်ပြောင်းလဲပြီးမှ စွမ်းအင်ထုတ်လုပ်မှုစနစ်ကို ဖျက်ဆီးပေးပါသည်။
  • ဆေးထိသည့်ကောင်ပိုးများသည် အနည်းငယ်အချိန်အတွင်း အစာစားခြင်းရပ်ပြီး ရက် (၂-၃) ရက်အတွင်း သေဆုံးသွားပါသည်။
  • ရွက်နှင့်အတွင်းသို့ စိမ့်ဝင်နိုင်စွမ်းရှိသဖြင့် ရွက်လိပ်၊ အသီးအတွင်းနှင့် ပင်စည်အတွင်း ကွယ်ရာတွင်ရှိသော ကောင်ပိုးများအထိ ထိရောက်ပါသည်။

အသုံးပြုရန် အညွှန်း

  • ကောင်ပိုးစတင်တွေ့ရသည့်အချိန် (သို့) စောင့်ကြည့်လေ့လာမှုအပေါ်မူတည်၍ အောက်ဖော်ပြပါ ဇယားအတိုင်း ညီညာစွာဖျန်းပါ။
  • အောက်ဖော်ပြပါ ဇယားအတိုင်း ဆေးဖျန်းပုံးအရေအတွက်နှင့် ရေပမာဏကို တွက်ချက်ပါ။
  • ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ
  • သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၃) ကြိမ်အထိ၊ ပိုးမွှားကျရောက်မှုပေါ်မူတည်၍ (၁၀-၁၆) ရက်ခြား တစ်ကြိမ်ဖျန်းပါ။

အသုံးပြုနှုန်းထား

သီးနှံနှိမ်နင်းနိုင်သောပိုးစီစီ/ဧကစီစီ/ရေ ၁၆ လီတာသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါးလေးပိုး၊ ပင်လုံးဖျက်၊ ဖြတ်ညှီ၁၀၀–၁၅၀၁၅–၂၂၁၄
ဝါသီးလုံးဖောက်၊ လေးပိုး၊ ပျဉ်၁၀၀–၁၅၀၁၅–၂၂၁၄
ခရမ်းချဉ်၊ ငရုတ် အစရှိသော အသီးထွက်ဟင်းသီးဟင်းရွက်အသီးဖောက်ကောင်ပိုး၊ ရွက်စားကောင်ပိုး၂၀၀–၃၀၀၂၅–၃၈၂၀
ရှောက်၊ သံပရာရွက်ထွင်းပိုး၊ မွှားပင့်ကူများ၁၀၀–၂၀၀၁၅–၃၃၁၄
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိန်ကွက်ဖလေး၊ ပင်ပေါက်ချ၊ ဖြတ်ညှီ၁၀၀–၁၅၀၁၅–၂၂၁၄
ပဲတီစိမ်း၊ မတ်ပဲပဲအတွင်းဖောက်ကောင်ပိုး၊ ရွက်စားကောင်ပိုး၁၀၀–၂၀၀၁၅–၃၃၂၀
သရက်၊ ပန်းသီး အစရှိသော အသီးပင်များအသီးဖောက်ကောင်ပိုး၊ ရွက်စားကောင်ပိုး၁၀၀–၂၀၀၁၅–၃၃၂၀
သီးနှံတစ်ရာသီလျှင် ဆေးဖျန်းကြိမ်ရေ (၃) ကြိမ်အထိ
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်းပြန်လည်ဝင်ရောက်နိုင်သောကာလ (၂၄) နာရီ

အသုံးပြုနိုင်သော သီးနှံများ

စပါး၊ ဝါ၊ အသီးထွက်ဟင်းသီးဟင်းရွက်၊ ရှောက်၊ ဂေါ်ဖီထုပ်၊ ပဲမျိုးစုံနှင့် အသီးပင်များ။

ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ

ပင်လုံးဖျက်ပိုး၊ ဖြတ်ညှီ၊ သီးလုံးဖောက်ပိုး၊ စိန်ကွက်ဖလေး၊ ပဲအတွင်းဖောက်ကောင်ပိုးနှင့် အခြားရွက်စားကောင်ပိုးများ။

သတိပြုရန်အချက်များ

  • ဆေးဖျန်းစဉ် လက်အိတ်၊ နှာခေါင်းစည်း၊ မျက်မှန်၊ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်နှင့် ဦးထုပ် အပြည့်အစုံ ဝတ်ဆင်ပါ။
  • မျက်စိနှင့် အရေပြားပေါ်သို့ ဆေးတိုက်ရိုက် မထိစေရန် ရှောင်ရှားပါ။
  • ဆေးကိုင်တွယ်နေစဉ် အစားအစာ မစားရ၊ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ ရေမသောက်ရ။
  • ဆေးကိုင်တွယ်ပြီးနောက် လက်များကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
  • ဆေးကို လေအထက်မှ မဖျန်းပါနှင့်။
  • ရေနေသတ္တဝါများကို အဆိပ်သင့်စေနိုင်ပါသည် — ငါးမွှားနှင့် ပျားမွေးမြူရာနေရာများအနီးတွင် ဆေးမပက်ဖျန်းပါနှင့်။

ရှေးဦးသူနာပြုစုနည်း

  • ဆေးထိသော အဝတ်အစားများကို ချက်ချင်းချွတ်ပစ်ပါ။
  • ဆေးထိမိသော အရေပြားကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောပါ။
  • မျက်စိအတွင်းသို့ ဆေးဝင်လျှင် ရေများဖြင့် မိနစ်အနည်းငယ် ဖြေးညင်းစွာ ဆေးကြောပါ။
  • ဆေးရှုမိလျှင် လူနာအား လေကောင်းလေသန့်ရှိသော နေရာသို့ ပို့ဆောင်ပါ။
  • ဆေးကိုမျိုချမိပါက အန်အောင်မပြုလုပ်ပါနှင့်။ ဆရာဝန်ထံချက်ချင်းပို့ဆောင်ပါ။
  • အခြေအနေအားလုံးတွင် ဆရာဝန်ထံ သွားရောက်ကုသပါ။

အဆိပ်ဖြေဆေး

တိကျသော ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာများအလိုက် ကုသပေးပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • မူလဘူးအတွင်း အဖုံးကို တင်းကျပ်စွာပိတ်ပြီး အေးမြခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသောနေရာတွင် သိမ်းဆည်းပါ။
  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာနှင့် မျိုးစေ့များနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဘူးလွတ်များကို ပြန်လည်အသုံးမပြုပါနှင့်။
  • ဆေးဖျန်းကိရိယာနှင့် ဆေးဘူးလွတ်များကို မြစ်၊ ချောင်း၊ အိုင်များတွင် မဆေးကြောပါနှင့်၊ မြေတွင်းတူး၍ မြှုပ်ပစ်ပါ။
  • မီးရှို့ခြင်း မပြုလုပ်ပါနှင့်။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

မှတ်ပုံတင်အမှတ် (Reg. No.) P2026-7022 · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911